Win-94 - သမိုင်းရဲ့ သက်တမ်းအရှည်ဆုံး sniper

မင်္ဂလာပါ

အခုကျွန်တော်ပြောပြမယ့်သေနတ်model ကတော့ Winchester model 1894 ဖြစ်ပါတယ် အမဲပစ်သေနတ်တွေထဲမှာယနေ့ထိအသုံးပြုနေတဲ့ သက်တမ်းအကြာဆုံးနဲ့ ကျွန်တော်တို့နဲ့မျက်မှန်းအတန်းမိဆုံးသေနတ်ဖြစ်ပါတယ်

ကျွန်တော်တို့နဲ့ ငယ်ငယ်ကကြည့်ဖူးနေကြကောင်းဘွိုင်ကားတွေမှာ အများဆုံးတွေ့ရတဲ့ riffle အများဆုံးဟာ Winchester များပဲဖြစ်ပြီး  model ပဲကွာတာဖြစ်ပါတယ် သူ့ရဲ့ကျည်ဖြည့်တဲ့ပုံစံ တစ်ချက်ပြီးတစ်ချက်ဆက်တိုက်ပစ်လို့ရတာကြောင့် တစ်ခါမြင်ရုံနဲ့တန်းမှတ်မိလွယ်ပါတယ် သမိုင်ကြောင်းကြီးတဲ့ဒီသေနတ်ကိုတီထွင်ခဲ့တာကတော့အမေရိကန်လူမျိုး John Moses Browning ပဲဖြစ်ပါတယ်။


သူ့ကိုတော့ ၁၈၅၅ ဇန်နဝါရီ ၂၃ မှာUtah ပြည်နယ် Ogden မြို့ငယ်လေးမှာ လက်နက်တီထွင်သူများဖြစ်ကြတဲ့ Jonathan Browning နဲ့ Elizabeth Caroline တို့ကနေမွေးဖွားခဲ့ပါတယ် သူဟာငယ်စဉ်ကတည်းက လက်နက်တီထွင်တဲ့နေရာမှာ ပါရမီပါပြီးအလွန်ထူးချွန်ပါတယ် သူ့အသက်၁၃နှစ်မှာပထမဆုံးသေနတ်ကိုအောင်မြင်စွာတီထွင်ခဲ့ပြီး အသက်၂၄မှာတော့သူဟာ ၁၉ရာစုရဲ့ အအောင်မြင်ဆုံးလက်နက်တီထွင်သူဖြစ်နေပါပြီ ယနေ့ခေတ်မှာမြင်တွေ့နေရတဲ့ခေတ်မှီအော်တိုသေနတ်တွေ ရဲ့ ရှေးဦးဖခင်ကြီးပဲဖြစ်ပါတယ်


- ၁၉၀၄ ခုနှစ်မှာ Franklin Institue ကပေးတဲ့ အမေရိကန် သိပ္ပံနဲ့ အင်ဂျီနီယာကျွမ်းကျင်မှု့ဆုတံဆိပ်ဖြစ်တဲ့ John Scott Metal

- ၁၉၁၄ မှာ Belgian က စစ်သူရဲကောင်းတွေကိုသာပေးအပ်တဲ့ Order of Leopold တို့ကိုရရှိခဲ့ပါတယ်

Win 94 မဖြစ်ပေါ်လာခင် မူရင်း model ပုံစံကိုတော့၁၈၈၅ မှာစတင်တည်ဆောက်ခဲ့ပြီး တစ်ချက်ခြင်းသာပစ်လို့ရတာကိုတွေ့ရပါတယ် ၁၈၈၆ မှာတော့ Lever action ၁၈၉၀ မှာ Slide action စတဲ့ ထပ်ခါထပ်ခါပစ်လို့ရတဲ့ ရိုင်ဖယ်တွေပေါ်ပေါက်လာခဲ့ပါတယ်

Win 94 model ကို ၁၈၉၄ မှာစတင်ထုတ်လုပ်ခဲ့ပြီး ယနေ့အချိန်ထိ လက်နက်ရေ ၇ သန်းခွဲကျော်ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်

သေနတ်ကိုကြည့်မယ်ဆိုရင် ၆.၈ပေါင် လေးပါတယ် အရှည်အနေနဲ့ကတော့ ၃၇.၈လက်မရှည်ပါတယ်



အများဆုံးသုံးစွဲခဲ့တဲ့စစ်ပွဲတွေကတော့ အမေရိကန် အင်ဒီးယန်းစစ်ပွဲ ၁၉၁၀ကနေ ၁၉၂၀ထိဖြစ်ခဲ့တဲ့ မက်ဆီကန်ပြည်တွင်းစစ်နဲ့ ပထမကမ္ဘာစစ်တို့ပဲဖြစ်ပါတယ် ဘယ်ဂျီယန် ဂျပန် ပြင်သစ်စတဲ့နိုင်ငံတို့မှာယနေ့အချိန်ထိသုံးစွဲနေကြတာကို တွေ့ရမှာဖြစ်ပါတယ်

Video ဖြင့်ကြည့်ရှု့လိုပါက


YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post