Starbucks ရဲ့ပိုင်ရှင် Howard Schultz - ဆင်းရဲလွန်းလို့ ၁၂နှစ်နဲ့ကျောင်းကထွက် ဝမ်းစာရှာခဲ့သူ 

ဟောင်းဝါဒ်ကို ၁၉၅၃ ဇူလိုင်၁၉မှာ အမေရိကန်နိုင်ငံ နယူးယောခ်ပြည်နယ် ဘရွတ်ကလင်မြို့ မှာ Fred Schultz နဲ့ Elaine Schultzတို့ကနေမွေးဖွားခဲ့ပါတယ် ဖခင်ဖြစ်သူကလေထီးစစ်သားတစ်ဦးဖြစ်ပြီး တပ်ကထွက်တော့ ထရပ်ကားမောင်းသမားအလုပ်ကိုလုပ်ပါတယ် မိခင်ကတော့အိမ်ရှင်မတစ်ဦးသာဖြစ်ပြီး မွေးချင်း ၃ယောက်ရှိပါတယ် သူတို့နေတဲ့ရပ်ကွက်ဟာ ဆင်းရဲသားရပ်ကွက်တစ်ခုသာဖြစ်ပြီး တစ်နေ့လုပ် မှတစ်နေ့စားရသူတွေနဲ့ အလုပ်လက်မဲ့တွေ အများစု စုနေကြတာဖြစ်ပါတယ် ။ အနီးနားတစ်ဝိုက်မှာလဲဘတ်စကတ်ဘောကစားကွင်းလေးတစ်ခုက လွဲပြီးတခြားဘာမှမရှိပါဘူး ၊ ငယ်စဉ်ကတည်းက ဒီရပ်ကွက်မှာကြီးလာတဲ့ ဟောင်းဝါဒ် အတွက်ကတော့ လေးစားအတုယူစရာ တစ်ယောက်မှမရှိခဲ့ပါဘူး


သူ့အသက် ၇နှစ်အရွယ်မှာ ဖခင်ဖြစ်တဲ့သူဟာ လုပ်ငန်းခွင်မှာမတော်တဆဖြစ်ပြီး ခြေကျိုးသွားပါတယ် ဆေးရုံတက်ပြီးဆေးကုသဖို့ပိုက်ဆံမရှိတာကြောင့် အိပ်ယာထဲမှာသာလဲပြီး နီးစပ်ရာဆေးဝါးတွေနဲ့သာကုသခဲ့ရပါတယ် ။ သူ့အသက် ၁၂အရွယ်မှာ မိသားစုစားဝတ်နေရေးဟာ အရင်ကထက်ပိုပြီးကျပ်တည်းလာတာကြောင့် ကျောင်းကထွက်ပြီးလမ်းဘေးမှာ သတင်းစာရောင်းတယ် ကော်ဖီဆိုင်မှာ တောက်တိုမယ်ရအလုပ်တွေဝင်လုပ်တယ် နောက်တော့သားမွေးဆိုင်မှာတိရိစ္ဆာန်သားရည်တွေကိုဖိပြီးပြန့်အောင်လုပ်ရတဲ့အလုပ်ကိုလုပ်ပါတယ် အဲအလုပ်ဟာ အလွန်ပင်ပန်းပြီး အားစိုက်လုပ်ရတာဖြစ်ပါတယ် ဒီလိုပင်ပန်းတဲ့အလုပ်ကိုလုပ်ခဲ့တဲ့အကျိုးကြောင့်ပဲ သူ့ရဲ့ခန္ဓာကိုယ်ဟာပိုမိုကြံခိုင်သန်စွမ်းလာပါတယ် အားကစားပြိုင်ပွဲတွေမှာ မကြာခဏဆုတွေရရှိခဲ့ပါတယ် နောက်ပိုင်းမှာတော့ မီချီဂန်တက္ကသိုလ်က အားကစားဆိုင်ရာစကောလားရှစ်ကိုရရှိခဲ့ပြီး အဲတက္ကသိုလ်ကပဲ BA ဘွဲ့ရရှိခဲ့ပါတယ်


ဘွဲရပြီးတော့မိတ္တူစက်တွေထုတ်တဲ့ Xerox မှာအရောင်းပိုင်းမှာဝင်လုပ်တယ် ၃နှစ်ကြာပြီးတဲ့အခါမှာတော့ Hammerplast ဆိုတဲ့ မီးဖိုချောင်ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီမှာအလုပ်ပြောင်းလုပ်တယ် အဲဒိမှာလုပ်နေတုန်း ဝါရှင်တန် စီရေတာမြိုံက Starbucks ဆိုတဲ့ကုမ္မဏီသေးသေးတစ်ခုက ကော်ဖီဖျော်စက်တွေကို အများကြီးမှာယူတာကိုသတိထားမိပြီး စူးစမ်းချင်တာကြောင့် Starbucks ရှိရာ စီရေတာမြို့ကို ကိုယ့်စားရိတ်နဲ့ကိုယ်သွားလေ့လာခဲ့ပါတယ်

သူ Starbucks ကိုရောက်တော့ကော်ဖီတစ်ခွက်မှာသောက်ပါတယ် ကော်ဖီရဲ့အရသာက အလွန်ထူးကဲပြီး မြို့ရဲ့ အလှအပပေါ်မှာ နစ်မြောသွားပါတယ် နောက်တော့ Starbucks မှာအလုပ်သွားလျှောက်တယ် အကြိမ်ကြိမ် ပယ်ချခံရပေမယ့် သူ့ရဲ့မလျှော့တဲ့ဇွဲကြောင့် နောက်ဆုံးမှာအလုပ်ရခဲ့ပါတယ် အဲအချိန်မှာသူ့အသက်ဟာ ၂၉နှစ်ရှိနေပါပြီ။


ဟောင်းဝါဒ်ဟာ Starbucks မှာ အလုပ်ကြိုးစားပြီး ထိုးဖောက်နိုင်တဲ့ ဈေးကွက်ဗျူဟာတွေကြောင့် မကြာခင်မှာပဲ Marketing Director ဖြစ်လာပါတယ် သူ Starbucks မှာရတဲ့လစာဟာ Hammerplast မှာ ရခဲ့တဲ့ လစာရဲ့တစ်ဝက်သာဖြစ်ပေမယ့် သူဒီအလုပ်မှာပဲစိတ်ပါဝင်စားနေပါတယ် ၁၉၈၃ မှာဟောင်းဝဒ်ဟာ Starbucks မှာအလုပ်လုပ်နေရင်း အီတလီက မီလန်မြို့ကိုသွားပြီး ကော်ဖီဆိုင်တွေကိုသွားရောက်လေ့လာပါတယ် အဲမှာ Latte နဲ့ Cappuccino ဖျော်နည်းကို သင်ယူခဲ့ပါတယ် စီယေးတားကိုပြန်ရောက်တဲ့အခါ Starbucksမှာ အဲကော်ဖီတွေကို ပြန်ရောင်းတဲ့အခါမှာ ဝင်ငွေဟာ ၃ဆလောက် ခုန်တက်သွားပါတယ် နောက်ပြီး အီတလီဆိုင်တွေမှာ လာသောက်တဲ့သူတွေဟာ တစ်ယောက်နဲ့တစ်ယောက်လက်ဆုံကြပြီး အပန်းဖြေတဲ့သဘောမျိုးလာထိုင်ကြတာဖြစ်ပြီး ဒီအလေ့အထမျိုးဟာ အမေရိကန်မှာဆိုရင် McDonald's ဆိုင်တွေမှာပဲတွေ့ရတဲ့အလေ့အထမျိုးပဲဖြစ်ပါတယ်


ဟောင်းဝါဒ်ဟာ ဆိုင်ရဲ့ ပုံစံကိုလူတွေအပန်းဖြေတဲ့နေရာတစ်ခုဖြစ်အောင်ကိုကြိုးစားတဲ့အခါမှာတော့ ရှေးရိုးစွဲ Starbucks ရဲ့ လူကြီးပိုင်းတွေကပယ်ချလိုက်ကြပါတယ် အဲနောက်မှာတော့ တီထွင်ကြံဆဉာဏ်ကောင်းတဲ့ ဟောင်းဝဒ်ဟာ Starbucks ကနေထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း စတင်ခဲ့ပါတယ် လုပ်ငန်းစတင်ဖို့ အခက်အခဲများစွာရှိပေမယ့် ၁၉၈၆ ဧပြီမှာ စီယေးတားမြို့မှာပဲ သူ့ရဲ့ဆိုင်လေးကိုဖွင့်လှစ်ခဲ့ပါတယ် အီတလီတွေရဲ့ ပုံစံအတိုင်း ဖွင့်တာဖြစ်ပြီး အသေးစိတ်ပြင်ဆင်ထားတဲ့အတွက်ကြောင့် စဖွင့်တဲ့နေ့မှာပဲ ကော်ဖီလာသောက်သူပေါင်း ၃၀၀ကျော်ရှိခဲ့ပါတယ် ဆိုင်ဖွင့်ပြီး ၁နှစ်အကြာ Starbucks ရဲ့ ပိုင်ရှင်တွေဟာ လုပ်ငန်းမနိုင်မနင်းဖြစ်လာပြီး အမြတ်အရနည်းလာတဲ့ Starbucks ကိုရောင်းချဖို့ဖြစ်လာပါတယ် ဟောင်းဝါဒ်မှာ ဝယ်ဖို့ငွေအလုံအလောက်မရှိပေမယ့် သူ့ကိုယုံကြည်တဲ့သူတွေက ငွေချေးပြီး ကူညီပေးကြတဲ့အတွက်နောက်ဆုံးမှာ ဝယ်ယူနိုင်ခဲ့ပါတယ်


အမြတ်အရနည်းနေတဲ့ Starbucks ကို အသေးစိတ်ပြန်လည်တည်ဆောက်ပါတယ် ဟောင်းဝါဒ်ဟာ အီတလီကိုနောက်တစ်ခေါက်ပြန်သွားတဲ့အခါမှာတော့ ကော်ဖီဖျော်ဆရာတွေဟာ ကော်ဖီသောက်သူတွေကို အလွန်ဆွဲဆောင်နိုင်စွမ်းရှိသလို ရင်းနှီးတဲ့ဆက်ဆံရေးရှိကြတာကို တွေ့ရပါတယ် သူဟာ Starbucks ကဝန်ထမ်းတွေကို သေချာလေ့ကျင့်ပေးပြီး ကော်ဖီသောက်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရအောင်စတင်တည်ဆောက်ပါတယ်။ အချိုများလား ပေါ့လား ခွက်ကြီးလား ခွက်သေးလား စားသောက်သူစိတ်တိုင်းကျ ရအောင်စီစဉ်ပေးထားပြီး ဝန်ထမ်းတွေရဲ့ ဖောက်သည်ဆက်ဆံရေး နဲ့ ကော်ဖီအရည်အသွေးကို အထူးဂရုစိုက်ထားပါတယ် ဒါကြောင့်ပဲ Starbucks မှာကော်ဖီသောက်ဖူးတဲ့သူတွေဟာ တခြားဘယ်ဆိုင်မှာမှ သွားမသောက်ပဲ Starbucks မှာပဲလာသောက်ကြတာဖြစ်ပါတယ်


၁၉၉၆ မှာတော့ ဟောင်းဝါဒ်ဟာ Starbucks ကိုအမေရိကန်နိုင်ငံပြင်ပမှာ ဖွင့်ဖို့စတင်ပြင်ဆင်ခဲ့ပါတယ်။ ဂျပန်  စင်္ကာပူ ကိုရီးယား အင်္ဂလန် အပြင်ကမ္ဘာအနှံ့မှာဖွင့်ဖို့ကြိုးစားခဲ့ပါတယ်

Starbucks ရဲ့ရုံးချုပ်က အမေရိကန် ဝါရှင်တန်မှာရှိပြီး နောက်ဆုံးရ ၂၀၂၀ စာရင်းများအရ ဆိုင်ခွဲပေါင်း ၃၁၂၅၆ ရှိပြီး ဝန်ထမ်းဦးရေ ၃၄၆၀၀၀ ရှိပြီး တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၆ ဘီလီယံကျော်ရှိပါတယ်

ဟောင်းဝဒ်ရဲ့ တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ၄.၂ ဘီလီယံရှိပြီး ဝါရှင်တန်မှာ သူ့မိသားစုနဲ့နေထိုင်လျက်ရှိပါတယ်


video ဖြင့်ကြည့်ရှု့လိုပါက




YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post