Google ရဲ့ ကနဦးတည်ထောင်သူ  ဆာဂေးဘရင်

ကမ္ဘာပေါ်ကအကြီးဆုံး search engine ကိုတီထွင်ခဲ့တဲ့ ဆာဂေးဘရင်ကို ဂျူးလင်မယားဖြစ်တဲ့ မိုက်ကယ်ဘရင် နဲ့ ယူဂျီးနားဘရင်တို့ကနေ ၁၉၇၃ ဩဂုတ် ၂၁ မှာ ဆိုဗီယက် ရုရှားနိုင်ငံ မော်စကိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Google ဆိုတာနဲ့ Media တော်တော်များများမှာဖော်ပြကြတာက လယ်ရီပေ့ချ် အကြောင်းပဲဖြစ်ပါတယ်။Google ကိုတီထွင်ခဲ့တာ လယ်ရီတစ်ယောက်တည်းမဟုတ်ပါဘူး ဆာဂေးနဲ့ပေါင်းပြီး တီထွင်ခဲ့တာဖြစ်ပါတယ်


ဆာဂေးရဲ့အဖေက တက္ကသိုလ်ကသင်္ချာပါမောက္ခ တစ်ဦးဖြစ်ပြီး မိခင်ကတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေရေးဌာနရဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဆိုဗီယက်ရုရှားမှာရှိတဲ့ ဂျူးတွေရဲ့အခြေအနေဟာ အလွန်ဆိုးပြီး ၎င်းတို့ရဲ့တက်လမ်းမှန်သမျှကို အစိုးရကပိတ်ပင်ထားတဲ့ကာလလည်းဖြစ်ပါတယ်။ ၁၉၇၅ မှာတော့ မိုက်ကယ်ဟာ ၎င်းရဲ့မိသားစုကို ဆိုဗီယက်ကနေ ပြောင်းရွှေ့ဖို့စတင်စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့အစီအစဉ်မအောင်မြင်ခင်မှာပဲ အစိုးရကသိရှိပြီးတော့ မိုက်ကယ်တို့ဇနီးမောင်နှံ ၂ဦးလုံးကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။ သူတို့အခြေအနေဟာ အလွန်ကြပ်တည်းသွားပြီးတော့ မိသားစုစားဝတ်နေရေးဟာ အင်္ဂလိပ်သိပ္ပံဆိုင်ရာစာအုပ်တွေကို ရုရှားဘာသာသို့ ဘာသာပြန်လို့ရတဲ့ငွေနဲ့ပဲရပ်တည်နေခဲ့ရတာပဲဖြစ်ပါတယ်။

၁၉၇၉ မှာတော့ မိုက်ကယ်တို့မိသားစုဟာ ရုရှားကနေ ပြောင်းရွှေ့လာပြီး ဩစတီးယား၊ပြင်သစ် ကနေပြီးတော့ အောက်တိုဘာ ၅မှာ အမေရိကန်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မိုက်ကယ်ဟာ မေရီလန်း တက္ကသိုလ်မှာ သင်္ချာဆရာအလုပ်ကိုရခဲ့ပြီး ယူဂျီးနားကတော့ NASA မှာအလုပ်ရခဲ့ကြပါတယ်

ဆာဂေးဟာ ငယ်ငယ်ကတည်းက သင်္ချာကိုအလွန်ထူးချွန်ပါတယ်။ မိဘတွေကလည်း ကွန်ပြူတာ နဲ့သိပ္ပံပညာရပ်တွေကို အိမ်မှာသင်ပေးကြပါတယ်။ အဲအချိန်တုန်းက ကွန်ပြူတာဆိုတာ အလွန်‌ဈေးကြီးတာဖြစ်ပေမယ့် အသက် ၉နှစ်ပြည့်မွေးနေ့မှာ သူ့အဖေမိုက်ကယ်က ကွန်ပြူတာတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ် အဲအချိန်ကတည်းက computer program တွေအကြောင်းလေ့လာနေပြီဖြစ်ပါတယ်


ဆာဂေးဟာ၁၉၉၃မှာ မေရီလန်းတက္ကသိုလ်ကနေ ကွန်ပြူတာဘွဲ့နဲ့ သင်္ချာဘွဲ့၂ခုကိုဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပြီး Stanford University ကနေ စကောလားရှစ်ကိုရရှိခဲ့ပြီး ဒေါက်တာဘွဲ့အတွက် အဲမှာပဲကျောင်းဆက်တက်နေခဲ့ပါတယ် ။ကျောင်းတက်နေချိန်အတောအတွင်းမှာ Search Engine, Internet Website တွေအကြောင်းကို စိတ်ဝင်စားလာပြီး Program တွေ ရေးခဲ့ပါတယ်။ ၁၉၉၅မှာ ဆာဂေးဟာ သူလိုပဲ ဒေါက်တာဘွဲ့ယူဖို့ပြင်ဆင်နေတဲ့ လယ်ရီပေ့ချ်နဲ့ ကျောင်းအစည်းအဝေးတစ်ခုမှာဆုံပြီး မိတ်ဆွေတွေဖြစ်သွားကြပါတယ် သူတို့၂ဦးဟာ Stanford ကျောင်းသားတွေ Thesis လုပ်ရာမှာသုံးဖို့ Back Rub ဆိုတဲ့ search engine ကို တီထွင်ခဲ့ပါတယ်။ Back Rub ဟာလိုချင်တဲ့အချက်အလက်တွေကိုအချိန်တိုအတွင်းဆွဲယူကြည့်နိုင်တာပဲဖြစ်ပါတယ်။


ဒါပေမယ့် ဒေတာတွေဟာအကန့်အသတ်နဲ့သာဖြစ်တာမလို့ ပိုမိုတိကျပြီး မြန်ဆန်အောင်ဆွဲထုတ်ပေးနိုင်တဲ့ search engine ကိုတီထွင်ဖို့ကြိုးစားလာခဲ့ပါတယ် 

အားလုံးသိထားကြတဲ့ Google ဆိုတာ သူတို့ပေးထားတဲ့ နာမည်မဟုတ်ပါဘူး ။ သူတို့ရွေးလိုက်တာက Googol ဖြစ်ပီး ၁ရဲ့နောက်မှာ သုညတွေအများကြီးရှိတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စာလုံးပေါင်းမှားပြီး Stanford တက္ကသိုလ် website မှာ Google ဆိုပြီးမှတ်ပုံတင်လိုက်ပါတယ် အဲဒိနောက် ၁၉၉၇ စက်တင်ဘာ ၁၅ မှာ google.stanford,com ဆိုပြီးပေါ်ပေါက်လာပါတယ်။ သူတို့တီထွင်ထားတဲ့ google ဟာ Stanford ကျောင်းသားတွေကြားမှာအလွန်ရေပန်းစားပြီးနာမည်ကြီးလာပါတယ်  နောက်ပိုင်းမှာ ကျောင်းပြင်ကလူတွေသုံးလိုံရအောင် အဆင့်မြှင့်တင်မှု့တွေပြုလုပ်ခဲ့ပါတယ်၊ Yahoo, Alto Visa စတဲ့ကုမ္မဏီကြီးတွေက Google ကိုဝယ်ဖို့ ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး အဲဒိနောက်မှာတော့ သူ့သူငယ်ချင်းတစ်ယောက်ဆီကငှားထားတဲ့ ကားဂိုဒေါင်တစ်ခုမှာ Google ဆိုတဲ့ နာမည်နဲ့ကိုယ်ပိုင်ကုမ္မဏီတစ်ခုကိုတည်ထောင်ခဲ့ပါတယ် ဆာဂေးက President လယ်ရီက CEO အဖြစ်တာဝန်ယူပြီး ဒေါက်တာဘွဲ့အတွက် ကျောင်းဆက်မတက်တော့ဘဲ Google ကိုခြေစုံပစ်ဝင်ခဲ့ကြပါတယ်


၁၉၉၉ မှာ Google ဟာသုံးစွဲသူ တစ်နေ့ ၇သန်းထိရှိလာခဲ့ပြီး Advertising company တွေရဲ့ ကြော်ငြာတွေကို link တွေကနေတဆင့် ကြော်ငြာလို့ရအောင်လုပ်ခဲ့ပါတယ် ၂၀၀၁ မှာကုမ္မဏီရဲ့ ဝင်ငွေဟာ ၁နှစ်ကို ဒေါ်လာ ၈၅သန်းဖြစ်လာခဲ့ပါတယ် နောက်ပိုင်းမှာ စပိန်၊ ပြင်သစ်၊တရုတ်၊ကိုရီးယားဘာသာတွေနဲ့ပါ ရှာဖွေလို့ရအောင်အဆင့်မြှင့်တင်ခဲ့ပါတယ် ၂၀၂၀ အချက်အလက်မျာအရ ဝန်ထမ်းဦးရေ ၁သိန်း၂သောင်းကျော်ရှိပြီး တစ်နှစ်အသားတင်ဝင်ငွေ ၁၄၅ ဘီလီယံ ဝင်ငွေရှိပါတယ် ယနေ့ခေတ်ရဲ့ လူသုံးအများဆုံးဖြစ်တဲ့ You Tube ဟာလည်းပဲ Google ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်


Video ဖြင့်ကြည့်ရှု့လိုပါက






YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post