McDonald's Founder - Ray Kroc ရဲ့ လူသိနည်းတဲ့သမိုင်းကြောင်း

  ‌ရေးကရော့ရဲ့ ငယ်ဘဝအကြောင်းနဲ့ မူရင်းတည်ထောင်သူတွေဖြစ်ကြတဲ့ မက်ဒေါ်နယ်ညီအစ်ကိုဘယ်လိုတွေ့ဆုံကြတယ် စာချုပ်ချုပ်ဆိုတဲ့အဆင့်ကို နောက်ဆုံးဘယ်လိုရောက်သွားတယ်ဆိုတာကို အရင်အပိုင်းမှာ တင်ပေးထားပါတယ် မဖတ်ရသေးရင် အရင်ဖတ်ဖို့အကြံပေးလိုပါတယ်။ 

McDonald's Founder - Ray Kroc ရဲ့ လူသိနည်းတဲ့သမိုင်းကြောင်း ၁

    ရေးကရော့ဟာ သူ့ရဲ့ပထမဆုံး McDonald's ဆိုင်ခွဲကို ချီကာကိုမြို့ပြင်တစ်နေရာမှာ ၁၉၅၅ ဧပြီမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မူလပင်ရင်းဆိုင်လိုပဲ သန့်သန့်ရှင်းရှင်း အရသာရှိရှိနဲ့ နဲ့ အချိန်တိုအတွင်းရအောင် လုပ်ပေးတယ်။နောက်ပိုင်းမှာမက်ဒေါ်နယ်ဆိုင်ခွဲဖွင့်ချင်တဲ့သူတွေပေါ်ပေါက်လာပါတယ် ရေးကရော့ဟာ ကော်မရှင်ယူပြီး ဆိုင်ဖွင့်ချင်တဲ့သူတွေကတော့ ဆိုင်အပြင်အဆင်နဲ့ ဟမ်ဘာဂါလုပ်နည်းတွေကို အတိအကျလိုက်နာပါ့မယ်ဆိုပြီး စာချုပ်ချုပ်ဆိုကြပါတယ်။


    ရေးကရော့ဟာ ဆိုင်ခွဲတွေရဲ့ရောင်းရသမျှရဲ့ ၁.၄% ကိုသာ မက်ဒေါ်နယ်ညီအစ်ကိုကို ကော်မရှင်ခပြန်းပေးပြီးတော့ကျန်တာဖြစ်ပါတယ် ။ ဒီလိုနဲ့ McDonald's ဆိုင်ခွဲပေါင်း ၁၈  ဆိုင်ဖွင့်လှစ်ခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ ၁,၄% ဟာသူနေ့စဉ် မြို့တကာပတ်ပြီး ဆိုင်ခွဲဖွင့်ဖို့စည်းရုံးရတာတွေ လုပ်ငန်လည်ပတ်ဖို့ မကာမိတော့ပါဘူး။အုဲအချိန်မှာပဲ ငွေကြေးကိစ္စတွေမှာကျွမ်းကျင်တဲ့ ဟယ်ရီနဲ့တွေ့ပြီး ခင်မင်ရင်းနှီးသွားကြပါတယ် ဟယ်ရီက ဟမ်ဘာဂါရောင်းတာအပြင် အိမ်ခြံမြေလုပ်ငန်းပါတွဲလုပ်ဖို့အကြံပေးပါတယ် အဲအချိန်ကစပြီး ရေးကရော့ဟာ McDonald's ဆိုင်ဖွင့်လို့ရမယ့် အနေအထားကောင်းတဲ့မြေနေရာတွေလိုက်ဝယ်ပါတယ် အရင်ကကော်မရှင်ချည်းယူတာထက် မြေငှားခက အမြတ်အများကြီးကျန်လို့ ဝင်ငွေတော်တော်လေးရလာပါတယ် နောက်တော့သူဟာ အမေရိကန်ရဲ့နေရာအနှံမှာ မြေကွက်တွေလိုက်ဝယ်တယ် McDonald's ဆိုင်ခွဲတွေဖွင့်တယ်။

    နောက်ပိုင်းမှာ ရေးကရော့ဟာ မက်ဒေါ်နယ်ညီအစ်ကိုတွေနဲ့ မကြာခဏဆိုသလို အငြင်းပွားမှု့တွေ ပြသနာတွေတက်လာတဲ့အခါမှာတော့သူဟာ မက်ဒေါ်နယ်ညီအစ်ကိုတွေဆီကနေ ပိုင်ဆိုင်မှု့နဲ့ လုပ်ပိုင်ခွင့်အားလုံးကို ဒေါ်လာ ၂.၇ သန်းနဲ့ဝယ်ယူခဲ့ပါတယ် အဲခေတ်ကာလက ၂.၇သန်းဆိုတာ အလွန်ကိုများတဲ့ပမာဏပဲဖြစ်ပါတယ်


    ၁၉၆၅ မှာ McDonald's ဆိုင်ခွဲပေါင်း ၇၀၀ ကျော်ကို အမေရိကန်ရဲ့ ပြည်နယ် ၄၄ခုမှာ ဖွင့်လှစ်ခဲ့ပါတယ် ။

    ၁၉၇၀ မှာ McDonald's ဆိုင်ခွဲပေါင်း ၁၅၀၀ ‌ကျော်ဖွင့်လှစ်နိုင်ခဲ့ပါတယ် ။ 

    ၁၉၈၀ ပြည့်နှစ်တွေမှာတော့ McDonald's ဆိုင်တွေဟာ ၁၇နာရီတိုင်းမှာ ၁ ဆိုင်နှုန်းဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    ၁၉၈၄ မှာ ရေးကရော့ဟာ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာသူ့ပိုင်ဆိုင်မှု့ဟာ ဒေါ်လာသန်း ၇၀၀ အထိရှိခဲ့ပါတယ်။

   ရေးကရော့ဟာ McDonald's ကိုစတင်ထွင်ခဲ့တဲ့သူမဟုတ်ပါဘူး ဒါပေမယ့် ရှေ့အလားအလာကို ကြိုတင်ခန့်မှန်းပြီး သေချာအစီအစဉ်ဆွဲပြီး အခက်အခဲတွေကြားက ကြိုးစားခဲ့တာကြောင့်အခုလိုအောင်မြင်သွားတာပဲဖြစ်ပါတယ်။

    McDonald's ဆိုင်တွေရဲ့ အဓိကအားသာချက်ကတော့ မြန်မြန်နဲ့ အရသာရှိအောင်လုပ်ပေးတာအပြင် သန့်ရှင်းသပ်ရပ်လို့ပဲဖြစ်ပါတယ်။ ကမ္ဘာအနှံက ဆိုင်ခွဲတိုင်းဟာ ကြက်သွန် ခရမ်းချဉ်ဆိုရင် ဘယ်အရွယ်အစား ၊ ဘယ်လောက်အထူအပါးဖြစ်ရမယ် ၊ အပူချိန်ပေးရမယ် ဆိုတာကို အတိအကျ လိုက်နာကြရပါတယ် ဒါကြောင့်ပဲ အမေရိကန် ၊ စင်္ကာပူ ၊ အာဖရိက နဲ့ ကမ္ဘာတစ်လွှားမှာရှိတဲ့ McDonald's ဆိုင်တိုင်းဟာ အရသာအတူတူပဲဖြစ်ပါတယ်။


    McDonald's ဟာ Hamburger University ကိုတည်ထောင်ထားပြီး အောင်မြင်တဲ့အခါမှာတော့ Hamburgerology ဘွဲ့ကိုရမှာဖြစ်ပြီး ကမ္ဘာအနှံက McDonald's ဆိုင်တွေမှာ Manager ရာထူးကို ရနိုင်တာဖြစ်ပါတယ်။၂၀၂၀ နောက်ဆုံးရစာရင်းများအရတော့ ကမ္ဘာအနှံမှာ McDonald's ဆိုင်ခွဲပေါင်း ၃၈၆၉၅ ဆိုင်ရှိပါတယ်။

ယခုကျွန်တော်ပြောပြသွားတာကတော့ McDonald's ကိုကမ္ဘာကျော်အောင်လုပ်သွားခဲ့တဲ့ ရေးကရော့အကြောင်းပဲ့ဖြစ်ပါတယ် ၊ ကျွန်တော်ပြောပြတာထက် ပိုပြီးပီပြင်တဲ့ရသကို လိုချင်ရင်တော့ The Founder ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုကြည့်ဖို့အကြံပေးလိုပါတယ် ၊ ဖြစ်ရပ်မှန်ဇာတ်ကား IMDb 7.2/10 ရထားပြီး ရေးကရော့နဲ့ မက်ဒေါ်နယ် တို့ကိုမျှမျှတတရိုက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ The Founder ရုပ်ရှင်ကားနဲ့ပတ်သတ်ပြီး ပြောလိုတာကတော့ ပထမပိုင်း ၂မိနစ်ကို သည်းခံပြီး ကြည့်မယ်ဆိုရင် တစ်ကားလုံးဟာ လက်တွေ့ကျပြီး စီးပွားရေးဆန်ဆန် ပညာတွေအများကြီးရမှာဖြစ်ပါတယ်။


video ဖြင့်ကြည့်ရှု့လိုပါက



YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post