McDonald's ရဲ့ Founder Ray Kroc ရဲ့ လူသိနည်းတဲ့သမိုင်းကြောင်း

    တစ်ကမ္ဘာလုံးမှာဆိုင်ခွဲပေါင်း ၃၈၆၉၅ ဆိုင်ရှိပြီး တစ်နှစ်ဝင်ငွေ ၂၁ billion ရှိတဲ့ Fast Food စားသောက်ဆိုင်ကိုဖော်ပြပါဆိုရင် McDonald's ကိုပဲပြောရမှာဖြစ်ပါတယ်။ McDonald's ကိုပထမဆုံးဖွင့်ခဲ့တဲ့မူရင်းပိုင်ရှင်က ဘယ်သူလဲ ? ကမ္ဘာကျော်အောင်လုပ်ပေးတဲ့သူကဘယ်သူလဲ စတာတွေကို ဒီအပိုင်းမှာပါဝင်မှာဖြစ်ပါတယ်။

    ၁၉၀၂ အောက်တိုဘာ ၅ မှာ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် အိုပါ့ခ် မြို့မှာ ရေးကရော့ကို မွေးဖွားခဲ့ပါတယ်။ မိဘတွေကတော့ ချက်ကိုစလိုဗားကီးယားနိုင်ငံကနေ အမေရိကန်ကို လာရောက်အခြေချနေထိုင်သူများဖြစ်ကြပါတယ်။ သူဟာ ငယ်စဉ်ကတည်းက စီးပွါးရေးအမြင်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ မူလတန်းကျောင်းနေစဉ်မှာ အိမ်ရှေ့မှာ အအေးဆိုင်ဖွင့်ထားပြီး ဖျော်ရည်ရောင်းပါတယ်။ နည်းနည်းကြီးလာတဲ့အခါမှာတော့သူ့ဦးလေးဆိုင်မှာ အလုပ်ဝင်လုပ်ပြီးတော့ သူအများဆုံးနေတဲ့နေရာကတော့ အအေးဖျော်စက်တွေနားပဲဖြစ်ပါတယ် လူပျိုပေါက်အရွယ်ရောက်တဲ့အခါမှာတော့ ကျောင်းစာတွေကိုစိတ်မဝင်စားတော့ပဲ ကျောင်းထွက်ပြီး Lilly-Tully-Cup ကုမ္မဏီမှာ စက္ကူခွက်တွေရောင်းတဲ့ အရောင်းကိုယ်စားလှယ်အလုပ်ဝင်လုပ်ပါတယ်။

    အသက်ငယ်တယ် အပင်ပန်းခံနိုင်တယ် အလုပ်ချိန်ကိုအများကြီးပိုလုပ်တယ် အလုပ်ကြိုးစားတယ် ဒီအချက်တွေကြောင့်ပဲ ကုမ္မဏီရဲ့ စံချိန်တင် အရောင်းသမားဖြစ်လာပါတယ်။ အဲမှာအလုပ်လုပ်နေချိန်မှာပဲ ဝယ်နေကျဖောက်သည်တစ်ဉီးဖြစ်တဲ့ Earl Prince နဲ့အတော်ခင်မင်သွားပါတယ် ။ Earl Prince ဟာ ဒလက် ၆ခုပါတဲ့ ဖျော်စက်ကိုတီထွင်ထားသူဖြစ်ပါတယ်။ ရေးကရော့ဟာ ဖျော်စက်ကိုအလွန်သဘောကျသွားပြီး Lilly Cup ကနေထွက်ပြီး တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်ရောင်းခွင့်ကို ဝယ်ယူလိုက်ပါတယ်။

    ဒီလိုရောင်းနေတာ ၁၀နှစ်အကြာ သူ့အသက် ၅၀မှာတော့ ဖျော်စက်တွေဟာအရောင်းကျသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အသစ်တိုးချဲ့တဲ့ မြို့ပြင်ရပ်ကွက်တွေကို လူတွေပြောင်းရွှေ့ကုန်ကြတဲ့အတွက် အအေးဆိုင်တွေ အရောင်းပါးပြီးပိတ်ကုန်ပါတယ်၊ ဆိုင်တွေအကုန်အရောင်းပါ'နေတဲ့အချိန် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာဒီနိုမြို့က စားသောက်ဆိုင်တစ်ဆိုင်က ဖျော်စက် ၈လုံးမှာတဲ့အမှာစာကိုရပြီး အလွန်စိတ်ဝင်စားသွားတာကြောင့် ဆန်ဘာဒီနိုမြို့ကို လိုက်သွားပါတယ်။ 


    ဆိုင်နာမည်ကတော့ McDonaldsဖြစ်ပြီး Dick McDonald နဲ့ Mac McDonald ဆိုတဲ့ McDonald ညီအကို၂ဦးဖြစ်ကြပါတယ်။ ပုံမှန်ဆိုင်တွေမှာဆိုရင် စားပွဲထိုးတွေက အစားအသောက်တွေကို လာချပေးတာဖြစ်ပြီး စားပွဲမှာထိုင်စားမယ် ဒါမှမဟုတ်ကားတွေကိုလာချပေးတာပဲဖြစ်ပြီး အချိန်အလွန်ကြာပြီး မှာတာတစ်မျိုး ရတာတစ်မျိုးပဲဖြစ်နေကြပါ။ သူအခုမြင်တွေ့နေရတဲ့ McDonalds ဆိုင်မှာတော့ ကိုယ်တိုင်ယူစနစ်ဖြစ်ပြီး အလွန်ဆုံးကြာမျ ၁မိနစ်ပဲဖြစ်ပါတယ်။ အရသာကလဲ အလွန်ကောင်းနေပါတယ်။

    ရေးကရော့ရဲ့ခေါင်းထဲမှာ အကြံတစ်ခုပေါ်လာပါတယ် ဒီလိုဆိုင်မျိုးတွေကို နိုင်ငံအနှံဖွင့်မယ်ပေါ့ ၊ အဲဒါနဲ့ McDonald ညီအစ်ကိုကိုပြောပြတယ် ၊ ဒါပေမယ့် McDonald ညီအစ်ကိုက ဆိုင်ရဲ့ service စားသောက်ကုန်တွေရဲ့အရည်အသွေး  မထိန်းထားနိုင်မှာစိုးတာရယ် သူတို့တိုးချဲ့ဖွင့်ခဲ့တဲ့ ဆိုင်ခွဲတွေ မအောင်မြင်ရတဲ့ အကြောင်းတွေကိုပြောပြီး ငြင်းပါတယ်။
    ရေးကရော့ရဲ့ မလျော့တဲ့ ဇွဲကြောင့် မက်ဒေါ်နယ်ညီအစ်ကိုဟာ နောက်ဆုံးသဘောတူလိုက်ပါတယ် ။‌ရေးကရော့ဟာ ကော်မရှင်နဲ့ ဆိုင်ခွဲတွေ ဖွင့်မှာဖြစ်ပြီး ဟမ်ဘာဂါလုပ်နည်း နဲ့ ဆိုင်အပြင်အဆင်အားလုံးကို မက်ဒေါ်နယ် ညီအစ်ကိုရဲ့နည်းအတိုင်း တသွေမတိမ်း လုပ်ပါမယ်ဆိုပြီး စာချုပ်ချုပ်လိုက်ပါတယ်။
    
    အခုကျွန်တော်ပြောပြသွားတာကတော့ ရေးကရော့နဲ့ မက်ဒေါ်နယ်ညီအကို ဘယ်လိုတွေ့ဆုံကြတယ် ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ နောက်အပိုင်းမှာ မက်ဒေါ်နယ်တို့နဲ့ချုပ်တဲ့စာချုပ်ထဲမှာဘာတွေပါနေသလဲ တကယ်လုပ်တာ့ဘာပြသနာတွေကြံရလဲ ရေးကရော့ နဲ့ မက်ဒေါ်နယ်ညီအစ်ကို ဘယ်လိုထိပ်တိုက်တွေ့ကြသလဲ ဆိုတာတွေကိုတွေ့ရမှာဖြစ်ပါတယ်

ရုပ်သံကိုကြည့်ချင်ရင် အောက်မှာဝင်ကြည့်နိုင်ပါတယ်





YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။




Previous Post Next Post