ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။
လေးဆစ် မန်လည်ဆရာတော်
ပတ္တမြားရွှေဂူ - မန်လည်ဆရာတော် |
ကျွန်ုပ်တို့ငယ်စဉ်က သင်ကြားခဲ့သော မြန်မာစာသင်ရိုးမှ ကဗျာများကို အောက်မေ့၍ ပြန်လည်ဖတ်လိုသော စာဖတ်သူများအတွက် ရည်ရွယ်ပြီးတင်ခြင်းဖြစ်သည်။အထက်ဖော်ပြပါကဗျာသည် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ မူပိုင်ဖြစ်သည်။
YHNL