သင့်အနေနဲ့ အောင်မြင်မယ်လို့ ယုံကြည်ခြင်းအားဖြင့် အောင်မြင်မှု့သရဖူကို ဆောင်းနိုင်မှာဖြစ်တယ်။ ယုံကြည်တဲ့ အလျောက်" ငါ့မှာ အစွမ်းရှိတယ်၊ ငါလုပ်နိုင်တယ်" ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်ရှိရမယ်။စွမ်းအင်တွေ၊ ကျွမ်းကျင်မှု့တွေကို‌ မွေးမြူမယ်၊ အင်တိုက်အားတိုက် လုပ်မယ်။ သင့်အနေနဲ့ ငါလုပ်နိုင်တယ်လို့ယုံကြည်လိုက်တာနဲ့ "ဘယ်လိုလုပ်ရမလဲ" ဆိုတာ အလိုလိုသိလာမှာပဲပေါ့။

အောင်မြင်သူတွေဟာ ပြဿနာတွေအပေါ် ဘယ်လိုချဉ်းကပ်တယ်၊ ဆုံးဖြတ်ချက်တွေ ဘယ်လိုချတယ် ဆိုတာတွေကိုလည်း သင်ယူမှတ်သားကြတယ်။ "ဘယ်လိုလုပ်ရမလဲ " ဆိုတာက "ငါ လုပ်ကိုလုပ်နိုင်တယ်" လို့ယုံကြည်တဲ့သူတွေဆီကို ကြည်ကြည်လင်လင်ရောက်လာစမြဲပါ။

ယုံကြည်ချက်နဲ့ အောင်မြင်ခြင်း

သင့်အနေနဲ့ အများတကာထက် အကောင်းဆုံးလုပ်နိုင်တယ်လို့သာ ယုံကြည်ပါ။ သာလွန်တယ်လို့ ယုံကြည်ပါ။ ဒုတိယဆုလောက်သာ မှန်းရင်တော့ ပထမဆုရမှာမဟုတ်ပါဘူး။


ယုံကြည်ချက်ဟာ ဘဝဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖန်တီးပေးတဲ့ အပူထိန်းကိရိယာပါပဲ။ ပူချင်လို့လည်း ရတယ်၊ အေးချင်လို့လည်းဖြစ်တယ်။ 

သာမန်လူတန်းစား သူလိုငါလို လုံးလည်ချပ်ပြားလိုက်ပြီး ရုံးကန်နေရသူတွေကို ကြည့်။ သူတို့ဟာ နည်းနည်းလေးပဲ ရထိုက်တယ်လို့ထင်လို့ နည်းနည်းပဲ ရတာပါ။ သူ့ကိုယ်သူ အရေးမပါဘူး ယုံကြည်တာကြောင့် သူလုပ်သမျှဟာ အရေးမပါတဲ့နေရာကို ရောက်သွားရတယ်။ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ဘူးထင်ခဲ့လို့လည်း တကယ်လုပ်နိုင်စွမ်း မရှိခဲ့ရတာပေါ့။သူ့စွမ်းအားကိုသူ မချိန်တတ်တဲ့အတွက်ကြောင့်လည်း တစ်စထက်တစ်စ ကျုံပြီး သေးသထက်သေး ငယ်သထက်ငယ်သွားတယ်။ဒါနဲ့ အမျှ သူ့ပတ်ဝန်းကျင်ကလူတွေကလည်း သူ့ကို အထင်သေး အမြင်သေးနဲ့ ယူဆလာကြတယ်။

  ယုံကြည်ချက်နဲ့ အောင်မြင်ခြင်း

အမြော်အမြင်ကြီးမားပြီး ယုံကြည်ချက်ခိုင်မာတဲ့လူဟာ သူ့ကိုသူ အများကြီးထိုက်တန်တယ်လို့ ယူဆတယ်။ ဒီတော့ အများကြီးသူရတယ်။ သူဟာ ကြီးကြီးကျယ်ကျယ်နဲ့ ခက်ခဲတဲ့ အလုပ်မျိုးကို လုပ်နိုင်စွမ်းရှိတယ်လို့ သူ့ကိုယ်သူ ယုံကြည်တယ်။ ယုံကြည်တဲ့ အတိုင်းလဲ လုပ်နိုင်တယ်။

လူတစ်ယောက်ဟာ သူ့ကိုယ်ပိုင်စိတ်ကူးက ထုတ်လုပ်လိုက်တဲ့ ပုံစံအတိုင်း ဖြစ်လာရတာပါ။ မြင့်မြင့်မားမားယုံကြည်ပါ။ ကိုယ့်စက်ခလုတ်ကို ရှေ့ကိုပဲလှည့်ပါ။ အားကိုမြှင့်ပါ။ အကြီးကြီးကြံရင် အကြီးကြီးကြီး တကယ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အောင်မြင်မှု့ကို အရယူပါ။

ယုံကြည်ချက်နဲ့ အောင်မြင်ခြင်း


ယုံကြည်ချက်ရဲ့ စွမ်းအားကိုတိုးမြှင့်နည်း

၁။အောင်မြင်မှု့ကိုပဲတ္ဂေးပါ။ ဆုံးရှုံးမှာကို မစဉ်းစားပါနဲ့။

၂။ခင်ဗျားဟာ ခင်ဗျားထင်တာထက်ပို တော်တယ်လို့ အမြဲမပြတ် တပ်လှန့်ထားပါ။

၃။ကြီးကြီးမားမား ယုံကြည်ပါ။


ညီညီနိုင် - တိမ်မြင့်စံအတွေးများ၏ အံ့ဖွယ်တန်ခိုးများ


YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post