မာန်


အပွင့်ကိုခူး 

အဖူး ငါ့မှာ ကျန်သေးတယ်


အဖူးကိုဖျက်

အခက် ငါ့မှာ ကျန်သေးတယ်


အခက်ကိုချိုး

အရိုး ငါ့မှာ ကျန်သေးတယ်


အရိုးကိုနှုတ်

အငုတ် ငါ့မှာ ကျန်သေးတယ်


အငုတ်ပယ်ရွှေ့

မျိုးစေ့ ငါ့မှာ ကျန်သေးတယ်


မနက်ဖြန်ဆို ငါပင်ပျိုသည်

ဝေစည်စိမ်းလျက် သီးပွင့်ရွက်နှင့်

ခက်လက်ဝေဆာ မြေကမ္ဘာမှာ

သာယာဝင့်လန်း မေတ္တာဖြန်းပြီး

ငါ့လမ်း ငါလျှောက်နေဦးမယ်....



                         ဒေါင်းနွယ်ဆွေ








Previous Post Next Post