အဓိကအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့တည်ဆောက်ရာမှာ အမှားကိုရှောင်ပြီး မှန်တာကိုလုပ်ဖို့လည်းပါဝင်ပါတယ်။ "လှုပ်ရှားမှု့တိုင်းဟာအတွင်းစိတ်အုံကြွမှု့ရဲ့ ပြယုဒ်နိမိတ်တွေပါပဲ"လို့ စိတ္တဗေဒပညာရှင်တွေကဆိုတယ်။ လှုပ်ရှားမှု့ သို့မဟုတ် လုပ်ရပ်တွေကို ကြိုတင်ဆင်ခြင်ဖို့ကလွဲပြီး နောက်မှထိန်းချုပ်မယ်၊ ပြင်ဆင်မယ် လုပ်လို့မရတော့ပါဘူး။ မကောင်းတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ် အစရှိအနောင်နောင်ဆိုသလို အထုံအကျင့်ပါသွားတတ်ပါတယ်။ ကောင်းတဲ့အမူအကျင့်တွေကို စွဲမြဲအောင်လုပ်ယူရပါမယ်။ ကိုယ်ကမြင့်မားချင်ရင် ပျော့တိပျော့ခွေရပ်မယ့်အစား မားမားမတ်မတ်ရပ်နေရပါမယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှု့တွေကိုထိန်းခြင်းဖြင့် အတွင်းစိတ်အုံကြွမှု့ကိုပြောင်းလဲပစ်နိုင်ပါတယ်။

ရှေ့တန်းမှာနေရာယူပါ

၁။ရှေ့တန်းမှာနေရာယူပါ

အစည်းအဝေးတွေ,ဘုရားကျောင်းတွေ,သင်တန်းတွေစတဲ့ လူစုလူဝေးရာတွေမှာ နောက်တန်းတွေသာ လူတွေပြည့်နေတတ်ပါတယ်။ အဲဒါဘာကြောင့်ပါလိမ့်။ သူတို့ကိုယ်သူတို့ ထင်ထင်ပေါ်ပေါ် မဖြစ်စေချင်လို့ ပုန်းလျှိုးနေတဲ့ သဘောပါပဲ။ အကြောင်းရင်းက"သူတို့ကိုယ်သူတို့ ယုံကြည်မှု့အားနည်းစွာနဲ့ လူသိထင်ရှား မျက်နှာပြရမှာကြောက်လို့" ဆိုတဲ့အဖြေထွက်ပါတယ်။

ခင်ဗျားအနေနဲ့တက်နိုင်သမျှ ရှေ့တန်းကနေရာယူပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့မြှင့်တင်ပါ။ ခုအချိန်ကစပြီး "ငါရှေ့တန်းကနေမယ်"လို့စည်းကမ်းချမှတ်လိုက်ပါ။ဒါအောင်မြင်မှု့ကိုရယူပြသတဲ့ အထိမ်းအမှတ် မဟုတ်တာတော့ သတိပြုပေါ့။

မျက်လုံးချင်းဆုံကြည့်ဖို့လေ့ကျင့်ပါ

၂။မျက်လုံးချင်းဆုံကြည့်ဖို့လေ့ကျင့်ပါ

လူတွေဟာ တစ်ဘက်သားနားလည်အောင် မျက်လုံးနဲ့စကားပြောတတ်ကြတယ်။ မျက်ရိပ်မျက်ကဲ ကြည့်ရုံနဲ့ သူ့အတွင်းစိတ်ကို အကဲခတ်လို့ရတယ်။ တကယ်လို့ ကိုယ့်ကိုမျက်လုံးချင်းမဆုံမိအောင် ရှောင်လွှဲနေသူတွေ့ရင် "ဒီလူ ဘာတွေဖုံးကွယ်ဖို့ကြိုးစားနေတာလဲ" "ဘာများကြောက်နေသလဲ" "ငါ့အပေါ် တစ်ခုခုကြံနေတာလား" စသဖြင့်သိနိုင်ပါတယ်။မျက်လုံးချင်း အဆက်အသွယ်အလုပ်နည်းတာဟာ အားနည်းမှု့၊ ပျော့ညံမှု့၊ ကြောက်ရွှံမှု့တွေကိုပြသတဲ့ လက္ခဏာတွေပါ။

ဒီတော့ယုံကြည်ရဲဝံ့ စိတ်ချရမှု့တွေကိုပြသတဲ့အနေနဲ့ မျက်လုံးချင်းဆုံကြည့်နိုင်အောင် ကြိုးစားလေ့ကျင့်ပြီး၊ ကြောက်စိတ်ကိုဖျောက်ပစ်ပါ။တခြားလူရဲ့မျက်လုံးထဲကို စိုက်ကြည့်လိုက်တာဟာ "ငါကရိုးသားတယ်" " မင်းပြောတာ ငါလက်ခံတယ်" "ငါမကြောက်တတ်ဘူး" " ငါ့မှာယုံကြည်မှု့အပြည့်ဝရှိတယ်လို့ပြောလိုက်တာပါပဲ။

၄ပုံတစ်ပုံ အမြန်နှုန်းထပ်တင်ပြီး လျှောက်ပါ

၃။၄ပုံတစ်ပုံ အမြန်နှုန်းထပ်တင်ပြီး လျှောက်ပါ

ပုံပန်းမကျ ကိုးရိုးကားရား ယိုင်တိယိုင်တိုင်နဲ့ နှေးနှေးကွေးကွေးလျှောက်သူတွေဟာ သူတို့ရဲ့စိတ်အခြေအနေ၊ အလုပ်အကိုင်တွေကို ပုံဖော်ပြတာပဲလို့ စိတ်ပညာရှင်တွေကဆိုပါတယ်။ တစ်ဆက်တည်းမှာ ကိုယ်နေဟန်ထား၊ သွားပုံလာပုံနဲ့တွေနဲ့ အရှိန်နှုန်းကိုပြလိုက်ခြင်းအားဖြင့် စိတ်ဓာတ်ကိုလည်းပြင်ပြီးသွားဖြစ်သွားတယ်လို့ အကြံပေးပါတယ်။ သေချာစောင့်ကြည့်မယ်ဆိုရင် ကိုယ်ခန္ဓာလှုပ်ရှားမှု့တွေဟာ စိတ်လှုပ်ရှားမှု့ရဲ့ အကျိုးဆက်မှန်းသိသာပါတယ်။ 

သွားလက်စထက်၄ပုံ၁ပုံမြန်အောင်လျှောက်တာက ယုံကြည်မှု့အားကိုတွန်းပေးရာရောက်ပါတယ်။ ခေါင်းကိုမော့ ရင်ကိုကော့ ခါးကိုမတ်ပြီး မြန်မြန်သွက်သွက်လေးလျှောက်ကြည့်လိုက်ပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့တွေတိုးများလာပါလိမ့်မယ်။

စကားပြောလေ့ကျင့်ပါ

၄။စကားပြောလေ့ကျင့်ပါ

လူတန်းစားပေါင်းစုံနဲ့ တွေ့ဆုံလုပ်ကိုင်ရာမှာ စကားပြောခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းပါပဲ။ အခြေခံအားဖြင့် စကားပြောကောင်းဖို့ထက် နှုတ်သွက်ပြီး ရေလည်အောင် ပြောတတ်ဖို့ အရေးကြီးပါတယ်။ ဆွေးနွေးပွဲတွေမှာ ထစ်ထစ်ငေါ့ငေါ့ တောင်တစ်ခွန်းမြောက်တစ်ခွန်းဖြစ်နေတဲ့သူတွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု့အားနည်းတဲ့လူတွေပါပဲ။ တွေ့ရာနေရာမှာ ရတဲ့အခွင့်အရေးကို အသုံးချပြီး ပြောရဲဆိုရဲအောင်လေ့ကျင့်ရင်းက ယုံကြည်မှု့တွေ အားကောင်းလာပါတယ်။ နောက်ထပ်ပွဲတိုးဖို့ဝင်မလေးတော့ပါဘူး။ဒါကြောင့် ပွဲကြီးတွေမဝင်ခင်မှာ စကားဝိုင်းငယ်လေးတွေမှာ စလေ့ကျင့်ပါ။ စကားဟာ ယုံကြည်မှု့တည်ဆောက်တဲ့နေရာမှာ အားဆေးတစ်လက်ပါ။

အားရပါးရ လှိုက်လှိုက်လှဲလှဲပြုံးပါ

၅။အားရပါးရ လှိုက်လှိုက်လှဲလှဲပြုံးပါ

အပြုံးဆိုတာ လူချစ်လူခင်ပေါတဲ့ဆေးတစ်လက်ပါ။ယုံကြည်မှု့ဖလှယ်ရာမှာ အပြုံးဟာ လက်နက်တစ်ခုပဲ။ အားရပါးရပြုံးတာဟာ စိတ်သောကကို ပျောက်စေတယ်၊ ကြောက်စိတ်တွေကို အနိုင်ယူနိုင်တယ်၊ စိုးရိမ်စိတ်ကိုဖယ်ရှားပြီး စိတ်ဓာတ်ကျ ဝမ်းနည်းတာကို ကုသပေးနိုင်ပါတယ်။

လျော့ရဲလျော့ရဲ မပြုံးချင်ပြုံးချင်တော့ မပြုံးပါနဲ့။ လှိုက်လှိုက်လှဲလှဲ စိတ်ပါလက်ပါပြုံးတာဟာ ကိုယ့်ကိုယ်တိုင်လည်းယုံကြည်မှု့အာတိုးလာစေပြီးတော့ တဖက်လူကိုလည်းလွှမ်းမိုးမှု့သက်ရောက်စေပါတယ်။



ညီညီနိုင် - တိမ်မြင့်စံအတွေးများ၏ အံဖွယ်တန်ခိုး


YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post